DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရယ်ဆိုင်ရာကြိုတင် သတိပေးစနစ် DAN Mobile Application ကို ညောင်ဦးမြို့နှင့် တောင်ဇင်းကျေးရွာအုပ်စုရှိ Pact Global Microfinancing Fund -PGMF အဖွဲ့အစည်းမှ ဝန်ထမ်းများအား ရှင်းလင်းမိတ်ဆက်ပေးပြီး ၎င်းတို့အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများထဲသို့ ထည့်သွင်းပေးခြင်း၊ အဆိုပါ DAN Mobile Application နှင့် ပတ်သက်၍ အကြံပြုချက်ဆိုင်ရာ ဆန်းစစ်ချက်များကို ကောက်ယူခြင်း၊ ၎င်းတို့မှတဆင့် ကျေးလက်နေ ပြည်သူများထံ အဆိုပါ DAN Mobile Application အကြောင်းဖြန့်ဝေပေးနိုင်ပါရန် မေတ္တာရပ်ခံပြီး sticker များကို ဝေမျှပေးခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို (၂၄-၆-၂၀၁၉ )ရက်နေ့ တနင်္လာနေ့ တွင်လည်းကောင်း၊ (၂၅-၆-၂၀၁၉)ရက်နေ့ အင်္ဂါနေ့ နံနက်ပိုင်းတို့တွင် ညောင်ဦးမြို့ပေါ်ရှိ  မိုဘိုင်းဖုန်းအရောင်းဆိုင်များသို့ သွားရောက်၍ Application အကြောင်း မိတ်ဆက် ရှင်းလင်းခြင်း၊ အဆိုပါ အရောင်းဆိုင်များနှင့် လူစည်ကားရာ နေရာများတွင် DAN Sticker များကိုကပ်ခြင်း၊ နေ့လည်ပိုင်း အချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ယွန်းကောလိပ်သို့ သွားရောက်၍ သင်တန်းသား/သူများ၏ လက်ကိုင်ဖုန်းများထဲတွင် ထည့်သွင်းပေးခြင်း၊ မိတ်ဆက်ရှင်းလင်းပေးခြင်းနှင့် အကြံပြုချက်များရယူခြင်းတို့ကို (၂) ရက်တိုင်တိုင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ar

# mdy_jun2019

Sign Up

Upcoming Events