ကဝမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မုဒုကျေးရွာတွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၂)လုံးနှင့် အမိုးလန်နေအိမ် (၃)လုံးတို့အတွက်ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၂၄၄,၁၀၀)ကျပ်အား (၂၆-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events