လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉) ရက်နေ့တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် CSO များ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦးအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များ ကိုရှင်းလင်းပြောကြားခဲ့ပြီး နောက် တယ်လီဖုန်းများတွင် DAN Mobile Application များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jun2019
Source: မကွေးတိုင်းဒေသကြီးဦိးစီးမှူးရုံး (ဘစမ)