Category Archives: News
-
ဟင်္သာတခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး မိုဘိုင်းApplication(ဒါန်မြန်မာ)ဖြန့်ချိခြင်းနှင့် အသိပညာပေးခြင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့တွင် ဟင်္သာတၿမိဳ႕နယ်/ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများ ထဲသို့ DAN Mobile Application ထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်… #ar #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူလူထုများအားလည်းကောင်း နေ့လယ်ပိုင်းအချိန်တွင် ပဲခူးမြို့တွင်း၌လည်းကောင်း DAN Mobile Application နှင့် စပ်လျဉ်းသည့် အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတစ်ကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies (BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှ တာဝန်ရှိသူများက သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန် ၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies(BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှတာဝန်ရှိသူများက ယနေ့ မွန်းလွဲ ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Think Tank တစ်ခုဖြစ်သည့် BIPSS မှ ဥက္ကဌဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် မနူနီဇူရာမာန်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ်တာဝန်ယူချိန်မှစ၍ … Read more
-
ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး ယာယီရုံးခန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးအား (၂၆-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ရုံးဆိုင်းဘုတ်အား အမွှေးနံသာရေများပက်ဖျန်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယာယီရုံးခန်းဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application အား ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ဆောင်ရန်/ရှောင်ရန်များ၊ မိုးလေဝသနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များ နေ့စဉ်ရရှိနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာအုပ်စာစောင်များ၊ အရေးပေါ်ဆက်သွယ် သတင်းပေးပို့နိုင်သည့် ၂၄ နာရီ Hotline ဖုန်းနံပါတ်များ ပါဝင်သည့် Mobile Application ကို ကရင်ပြည်နယ်ရှိ ဒေသခံများအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ (၂၅-၆-၂၀၁၉)ရက်နေ့တွင် ဘားအံတက္ကသိုလ်အတွင်း၌လည်းကောင်း၊ ဘားအံမြို့နယ် အမှတ် (၂) ဈေးရှိ ဈေးရုံ၌လည်းကောင်း၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက် Gender Equality Network (GEN)နှင့် ILO Myanmar ရုံးမှ ဆက်ဆံရေးအရာရှိတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန် ၂၆ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက် Gender Equality Network (GEN) အဖွဲ့ နှင့် ILO Myanmar ရုံးမှ ဆက်ဆံရေး အရာရှိဖြစ်သူ Mr.Rory Mungoven တို့ ဦးဆောင်သောအဖွဲ့တို့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် တွေ့ဆုံရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေရေး ဆွဲဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားအား … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့က ဟိုပုံးမြို့အလကခွဲ သာယာကုန်း၌ ကျောင်းသား/သူ (၁၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ၊ သရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ————————————————– လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉) ရက်နေ့၊ (၁၄:၃၀) နာရီချိန် တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်သားရွာ၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ လူအင်အား(၁၀၀)ခန့်တက်ရောက်ခဲ့ကြပြီး ထိုတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်… … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်တွင် DAN Mobile Application အား မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအားသင်ကြားခဲ့ရာ ကျောင်းသား/သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့်ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကိုထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ဖ့ွံဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ဖားဆောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူ ဦးအောင်မြတ်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။အဆိုပါ သင်တန်း ဖွင့်လှစ်ရာသို့ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ … Read more









