လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ဆောင်ရန်/ရှောင်ရန်များ၊ မိုးလေဝသနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များ နေ့စဉ်ရရှိနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာအုပ်စာစောင်များ၊ အရေးပေါ်ဆက်သွယ် သတင်းပေးပို့နိုင်သည့် ၂၄ နာရီ Hotline ဖုန်းနံပါတ်များ ပါဝင်သည့် Mobile Application ကို ကရင်ပြည်နယ်ရှိ ဒေသခံများအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
(၂၅-၆-၂၀၁၉)ရက်နေ့တွင် ဘားအံတက္ကသိုလ်အတွင်း၌လည်းကောင်း၊ ဘားအံမြို့နယ် အမှတ် (၂) ဈေးရှိ ဈေးရုံ၌လည်းကောင်း၊ မြို့တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၌ လည်းကောင်း၊ (၂၆-၆-၂၀၁၉)ရက်နေ့တွင် ဘားအံမြို့၊ မဲဘောင်ဈေးရုံ၌ လည်းကောင်း၊ မော်တော်ယာဉ် ရပ်နားစခန်း (ကားကြီးကွင်း)၌ လည်းကောင်း၊ DAN Mobile Application အသုံးပြုခြင်းဖြင့် သဘာဝဘေးအန္တရာယ် စပ်လျဉ်းပြီး အသက်အိုး အိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုတို့ကို ကာကွယ်နိုင်ခြင်း၊ လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး DAN Mobile Application များဖြန့်ဝေပေးခြင်းနှင့် အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခြင်း၊ လူစည် ကားသည့် နေရာနှင့် မိုဘိုင်း ဖုန်းအရောင်းဆိုင်များတွင် DAN Mobile Application အသုံးပြုရေး Sticker များကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်အတွင်း ပြုလုပ်ဆောင်ရွက်မည့်၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးဟောပြောပွဲများ တွင်လည်း DAN Mobile Application ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်နှင့်စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_jun2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)