ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက် Gender Equality Network (GEN)နှင့် ILO Myanmar ရုံးမှ ဆက်ဆံရေးအရာရှိတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

27_Pic_01

နေပြည်တော်၊ ဇွန် ၂၆

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက် Gender Equality Network (GEN) အဖွဲ့ နှင့် ILO Myanmar ရုံးမှ ဆက်ဆံရေး အရာရှိဖြစ်သူ Mr.Rory Mungoven တို့ ဦးဆောင်သောအဖွဲ့တို့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။

ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် တွေ့ဆုံရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေရေး ဆွဲဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားအား ယခုနှစ်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ပြင်ဆင်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင်ပါဝင်သော အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဗဟိုအဆင့် တွင် သာမက တိုင်းဒေသကြီး/ ပြည်နယ်များတွင်ပါ ကော်မတီ၏ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနက ဦးဆောင်၍ ပြုစု လျက်ရှိသော မြန်မာနိုင်ငံလူ့အခွင့်အရေးအစီရင်ခံစာ Universal Periodic Review(UPR)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ CEDAW ကော်မတီအစီရင်ခံစာစသည့်အစီရင်ခံစာများ ပြုစုရေးသားရာတွင် အရပ်ဖက် လူမှုအဖွဲ့ အစည်းများမှ ပါဝင်နိုင် ရေးအခြေအနေများ၊ ဆက်လက်၍ ကျား/မရေးရာတန်း တူညီမျှရေး ကွန်ရက်က ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍International Labour Organization(ILO) Myanmarအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့်  မတူညီသော အသိုက်အဝန်းများအကြား လူမှုသဟဇာတမျှတရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များတွင်ပါဝင်သော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုများတိုးတက်လာစေရန် သင်တန်းများပေးခြင်းစသည့် လုပ်ငန်းများကို UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် အကောင်အထည် ဖော်ရာတွင်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် အဓမ္မစေခိုင်းမှုလုံးဝမရှိခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိ သည့် အလုပ်သမားအခွင့် အရေးကို အပြည့်အဝဖော်ဆောင်ရန်ကြိုးပမ်းနေမှုများတွင် ILOက ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

#hl1

#npw_jun2019

Source:       MSWRR

Sign Up

Upcoming Events