ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့်ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကိုထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း သင်တန်း ဖွင့်လှစ်မှုသတင်း

26_Pic_01 26_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ  ကြီးမှူး၍ ဖ့ွံဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ဖားဆောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူ ဦးအောင်မြတ်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။အဆိုပါ သင်တန်း ဖွင့်လှစ်ရာသို့ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလမှာ(၂၅.၆.၂၀၁၉)ရက်နေ့မှ (၂၇.၆.၂၀၁၉)ရက်နေ့ထိ (၃)ရက်ကြာဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆွေးနွေးခြင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် ခရိုင်စီမံကိန်းဦးစီးဌာနတို့မှ ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar

#kyh_jun2019

Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events