Category Archives: News
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကသာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ရေကြီး/လျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ မြို့မ(၁)ရပ်ကွက်နှင့် မြို့မ(၂)ရပ်ကွက်တို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့်ပြည်သူ (၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၉,၂၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ညောင်လေးပင်မြို့နယ်၊ စည်ပင်ခန်းမ၌ ထောက်ပံ့မှုအခမ်းအနား ပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့် ဘုန်းတော်ကြီးကျောင်းနှင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ (၁) ရပ်ကွက်၊ မြို့မ (၄) ရပ်ကွက်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကြာအင်းဆိပ်ကြီးကျေးရွာအုပ်စုနှင့် လှည်းဆိပ်ကျေးရွာ အုပ်စုများတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၁၅) လုံးနှင့် အမိုးလန် ဘုန်းကြီးကျောင်း (၂) ကျောင်းတို့ အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၁၅) လုံးနှင့် အမိုးလန်နေအိမ် (၈၉) လုံးတို့မှ လူဦးရေ (၄၄၃) ဦးအတွက် … Read more
-
ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းသက်သာစေရေးအတွက် ဒေသအလိုက် အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်း၍ ဆောင်ရွက်သင့်သည့်နည်းလမ်းများ (အကြံပြုချက်များ)
(၁) ဒေသတွင်း ရေကြီး၊ ရေလျှံမှုဖြစ်ရခြင်း၏အကြောင်းရင်းကို လေ့လာရှာဖွေခြင်း၊ သုံးသပ်ခြင်း၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်း၊ (၂) လူနေရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များတွင် ရေနုတ်မြောင်းများကို ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ (၃) မြစ်ကြောင်းများအတွင်း ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသော သဲသောင်ခုံများတူးဖော်ခြင်း၊ (၄) မြစ်ကမ်းဘေးတလျှောက် ရေထိန်းနံရံများပြုလုပ်ခြင်း၊ (၅) တာတမံများ ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်း၊ (၆) မြစ်ကမ်းပါးများတွင် မြေလွှာထိန်းသစ်ပင်များစိုက်ပျိုးခြင်း၊ (၇) မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်သည့် သစ်ပင်များ၊ သီးနှံပင်များစိုက်ပျိုးခြင်း၊ (၈) ဆည်၊ တာတမံများ ပြင်ဆင်ခြင်းနှင့် … Read more
-
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့ရွာသန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်း၌် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ပူးပေါင်းပါဝင်ဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ မြို့နယ် ပြည်သူ့ ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့ရွာသန့်ရှင်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်းတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝ ပတ်ကျင်နှင့် ဘေးအန္တရာယ်ဆက်စပ်နေမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေးအန္တရာယ်ဆက်စပ်နေမှုများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော မူဘောင်များ၊ လုပ်ငန်း စဉ်များ၊ ရည်မှန်းချက်ပန်းတိုင်များ၊ လုပ်ငန်းတာဝန်များ၊ ဘေးအန္တရယ်နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များ DAN Mobile Application နှင့်ပတ်သက်၍ … Read more
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမျောပါ ပျက်စီးနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ၌ (၈-၇-၂၀၁၉) ရက်နေ့၊ (၂၃း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမျောပါပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၁၁-၇-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၈၀) ဦးအား (၁၁.၇.၂၀၁၉) ရက်နေ့ နံနက်တွင် ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ၊ ဘေးရှစ်မျိုးဆောင်ရန်ရှောင်ရန်များ၊ သဘာဝဘေး Videoများ ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီနိုင်းများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး
-
ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမည့် အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်းတန်းကြီးကျေးရွာအုပ်စု၊ ဇောင်းတန်း လေးကျေးရွာနှင့် ဝန်တက်ကျေးရွာတို့၌ (၉-၇-၂၀၁၉) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမည့် အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃) လုံး၊အိမ်ထောင်စု(၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်တို့အား … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်း ကျေးရွာအုပ်စု၊ ကြို့ပင်စခန်း(အရှေ့စု) ကျေးရွာ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ရှိသူများ၊ … Read more
-
ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉)ရက်နေ့တွင် မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု(၂)စု လူဦးရေ(၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး ၂အိမ်ထောင်စာအား (၁၁-၇-၂၀၁၉)ရက်နေ့ မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး









