ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့ရွာသန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်း၌် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ပူးပေါင်းပါဝင်ဆွေးနွေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ မြို့နယ် ပြည်သူ့ ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့ရွာသန့်ရှင်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်းတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝ ပတ်ကျင်နှင့် ဘေးအန္တရာယ်ဆက်စပ်နေမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေးအန္တရာယ်ဆက်စပ်နေမှုများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော မူဘောင်များ၊ လုပ်ငန်း စဉ်များ၊ ရည်မှန်းချက်ပန်းတိုင်များ၊ လုပ်ငန်းတာဝန်များ၊ ဘေးအန္တရယ်နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များ DAN Mobile Application နှင့်ပတ်သက်၍ အသုံးပြုပုံ/နည်း၊ Application အတွင်းပါဝင်သည်များကို ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဌာနဆိုင်ရာ အကြီးအကဲများ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့ပေါ်နေပြည်သူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စိတ်ပါဝင်စား သူများ စုစုပေါင်း အင်အား (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပြီးတက်ရောက်လာသူများကို လက်ကမ်းစာစောင်များ၊ ပိုစတာ များ၊ ဗွီနိုင်းများ၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကာတွန်းစာအုပ်များ၊ ယပ်တောင်များ၊ အမေးအဖြေစာအုပ်များ ကို ခင်းကျင်းပြသခဲ့ပြီး အခမ်းအနားအပြီးတွင်း ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#bgo_jul2019

Sign Up

Upcoming Events