ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမှ လျော့နည်းသက်သာစေရေးအတွက် ဒေသအလိုက် အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်း၍ ဆောင်ရွက်သင့်သည့်နည်းလမ်းများ (အကြံပြုချက်များ)

(၁) ဒေသတွင်း ရေကြီး၊ ရေလျှံမှုဖြစ်ရခြင်း၏အကြောင်းရင်းကို လေ့လာရှာဖွေခြင်း၊ သုံးသပ်ခြင်း၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်း၊
(၂) လူနေရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များတွင် ရေနုတ်မြောင်းများကို ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊
(၃) မြစ်ကြောင်းများအတွင်း ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသော သဲသောင်ခုံများတူးဖော်ခြင်း၊
(၄) မြစ်ကမ်းဘေးတလျှောက် ရေထိန်းနံရံများပြုလုပ်ခြင်း၊
(၅) တာတမံများ ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်း၊
(၆) မြစ်ကမ်းပါးများတွင် မြေလွှာထိန်းသစ်ပင်များစိုက်ပျိုးခြင်း၊
(၇) မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်သည့် သစ်ပင်များ၊ သီးနှံပင်များစိုက်ပျိုးခြင်း၊
(၈) ဆည်၊ တာတမံများ ပြင်ဆင်ခြင်းနှင့် အားဖြည့်ခြင်းအတွက်လိုအပ်သော အရေးပေါ် ပစ္စည်းကိရိယာများ(သဲအိတ်၊ ရေစုပ်စက်၊ ပေါက်တူး၊ ပေါက်ပြား၊ ဝါး အစရှိသည် များ) ကြိုတင်သိုလှောင်စုပုံခြင်း၊
(၉) မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆည်၊ တာတမံကြီးများ ရေလက်ခံနိုင်စွမ်းမရှိပါက ရေလွှတ် ထုတ်ရသည့်အခါ လူနေအိမ်ခြေများ ရေလွှမ်းမိုးနိုင်မှုအတွက် ကြိုတင်သတိပေးစနစ်များတပ်ဆင်ထားခြင်းနှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိခြင်း၊
(၁၀) ဆည်၊ တာတမံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်လာပါက ဆည်အောက်ဖက်နေ ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများပြားနိုင်ကြောင်း ပိုမိုသတိပြု၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူ များ ပူပေါင်းပါဝင်မှုဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊
(၁၁) နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိသည့်နေရာများမှ ပြည်သူလူထုကို ဘေးလွတ်ကင်းရာနေရာမျာတွင် ပြောင်းရွှေ့နေရာချထားပေးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ခြင်း၊
(၁၂) ရေဘေးဖြစ်ပွားနိုင်သည့်ဒေသတွင်အရေးပေါ်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ ကြိုတင်ရွေးချယ်သတ်မှတ်ထားခြင်း၊
(၁၃) ရေဘေးကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊ ရေဘေးရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ လုံလောက်စွာ စုစည်းထားရှိခြင်း၊
(၁၄) ဒေသရှိ စက်တပ်ရေယာဉ်များ၊ လူလှော်လှေများအား ကြိုတင်စုစည်းထားခြင်း၊ ထိုရေယာဉ်များအား နယ်မြေခွဲ၍ တာဝန်ပေးထားခြင်း၊
(၁၅) မြစ်၊ ချောင်းများ တစ်လျှောက်နေထိုင်သူများ၊ ရေဘေးအန္တရာယ်ရှိဒေသနေ ပြည်သူ များအနေဖြင့် အိမ်တိုင်းတွင် လှေငယ်များ၊ ဖောင်များ၊ အသက်ကယ်ဘောကွင်းများ အဆင်သင့်ရှိစေခြင်း၊ ဖြစ်နိုင်ပါက အန္တရာယ်ကျရောက်နိုင်ဆုံးသောမိသားစုများ အတွက် Life Jacket များဝေငှထားခြင်း၊
(၁၆) ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများတွင် ရေဘေးအသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း၊
(၁၇) မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ကြိုတင်သတိပေးမည့် အစီအစဉ်များ ဆောင်ရွက်ထားခြင်း၊
(၁၈) အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို ပြည်သူများသိရှိစေရေးဆောင်ရွက် ထားခြင်း၊
(၁၉) ရေဘေးအန္တရာယ်တုံ့ပြန်ရေး စီမံချက်များရေးဆွဲထားရှိခြင်း၊
(၂၀) ဆည်၊ တာတမံများအနီးရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာများအတွက် အရေးပေါ် တုံ့ပြန်ရေး အထူးစီမံချက်များရေးဆွဲထားရှိခြင်း၊

Source: Relief Section

#ha_fld
#npw_jul2019

Sign Up

Upcoming Events