မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမျောပါ ပျက်စီးနေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ၌ (၈-၇-၂၀၁၉) ရက်နေ့၊ (၂၃း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမျောပါပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၁၁-၇-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_jul2019

Sign Up

Upcoming Events