Category Archives: News
-
ဗီနိုင်းလဲလှယ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (12-7-2019)ရက်နေ့တွင် မော်လိုက်မြို့ဈေးရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ရေဘေးလူထုအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်လဲလှယ်ခဲ့ပြီး လူစည်ကားရာစက်လှေဆိပ်နှင့် ဈေးဝင်းအတွင်း ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး
-
ရေဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် မင်းကင်း-မုံရွာ ကားလမ်း နှင့် ကလေး-ပေါက်အိုင်လမ်းဆုံ၌ ရေဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2019
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာအုပ်စု၊ နတ်နန်းကျေးရွာ ကမ်းပါး များကို မြစ်သာမြစ်ရေတိုက်စားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ပီနံအိတ် (၁တင်းခွဲဆံံ့) အလုံးရေ (၁၇,၀၀၀/-) ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ (၂,၅၅၀,၀၀၀/-) ကျပ်တိတိအား ကလေးမြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ၊ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၂-၇-၂၀၁၉) ရက်နေ့၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်းတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စုနှင့် ဘောလည်ကျေးရွာအုပ်စုတို့တွင် (၃.၇.၂၀၁၉)ရက်နေ့ (၂၂း၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျ၍ နေအိမ်(၃)လုံး အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် (၁၂.၇.၂၀၁၉)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ်(၂၃,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၇၃,၁၀ဝိ/-) အား ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၁၀-၇-၂၀၁၉) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊တီယန်ဇွပ်၊ ပမ္မတီး နှင့် မြို့သစ်ကြီးရပ်ကွက်များသို့ ရေဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေ (၁၃၂၉) ဦးတို့ သည် နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်းများသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ကနဦး သိရှိရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးကူညီ ကယ်ဆယ်ရေး … Read more
-
ပညာပေးပိုစတာ ပြောင်းလဲ တပ်ဆင်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေးနှင့် အ.ထ.က(၁)လမ်းထောင့်၌ ယခင်က မုန်တိုင်းဘေးပညာပေးပိုစတာအား တပ်ဆင်ထားရာမှ (12-7-2019)ရက်နေ့တွင် ရေဘေးပညာပေးပိုစတာအား ပြောင်းလဲတပ်ဆင်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #sgg_jul2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဖျာပုံမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း အမှတ် (၂) ခန်းမ၌ ကျောင်းသား/သူ (၅၀၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးအဖြစ် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများ အား ဗီဒီယိုဖိုင်များဖြင့် ပြသဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019
-
ငလျင်အသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ရှုခင်းသာဂေါက်ကွင်းအတက် လမ်းဆုံတွင် ငလျင်အသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်အား အသစ် ပြန်လည်စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာ၊ မမှိုအူချောင်းကျေးရွာ၊ ရေကျော်စုကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ ရာဇူတိုင်ကညင်ချောင်းကျေးရွာအုပ်စု၊ ရာဇူတိုင်ကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ မယ်ဂျာကျေးရွာ၊ ထီပါလယ်ကျေးရွာအုပ်စု၊ အုတ်ပုံချောင်းကျေးရွာ၊ စော်ကဲဝသံဖြူစုကျေးရွာ၊ စော်ကဲချောင်းကျေးရွာတို့၌ (၇-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ ဘေးသင့်ပြည်သူ (၉၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂၅)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၂၀၇၉၀ဝိ/-)၊ စုစုပေါင်း (၂၇၀၇၉၀ဝိ/-)၊ … Read more
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၃၀) နာရီအချိန်ထိ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နားအွန်တွင် ကျောင်းသား/သူ (၂၀၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ပညာပေး ဗွီဒီယို များပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ် ခြင်းများကို … Read more









