သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဖျာပုံမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း အမှတ် (၂) ခန်းမ၌ ကျောင်းသား/သူ (၅၀၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးအဖြစ် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများ အား ဗီဒီယိုဖိုင်များဖြင့် ပြသဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_jul2019

Sign Up

Upcoming Events