လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာ၊ မမှိုအူချောင်းကျေးရွာ၊ ရေကျော်စုကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ ရာဇူတိုင်ကညင်ချောင်းကျေးရွာအုပ်စု၊ ရာဇူတိုင်ကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ မယ်ဂျာကျေးရွာ၊ ထီပါလယ်ကျေးရွာအုပ်စု၊ အုတ်ပုံချောင်းကျေးရွာ၊ စော်ကဲဝသံဖြူစုကျေးရွာ၊ စော်ကဲချောင်းကျေးရွာတို့၌ (၇-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ ဘေးသင့်ပြည်သူ (၉၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂၅)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၂၀၇၉၀ဝိ/-)၊ စုစုပေါင်း (၂၇၀၇၉၀ဝိ/-)၊ တစ်စိတ်စိတ်ပိုင်း(အမိုးလန်)ပျက်စီးခဲ့သော နေအိမ်(၂၀)လုံး၊ အိမ်ထောင်စု (၂၀)တို့မှ ဘေးသင့်လူဦးရေ (၈၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဘိုး(၆၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၈၂၇၀ဝိ/-)၊ စုစုပေါင်း (၈၆၂၇၀ဝိ/-)နှင့် ကညင်ချောင်းကျေးရွာ ဓမ္မမဂ္ဂင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဘုန်းကြီးကျောင်းဆောင် (၁)ဆောင် ပြိုကျပျက်စီးခြင်းအတွက် ထောက်ပံ့လှူဒါန်းငွေကျပ် (၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၇၇၀၆၀ဝိ/-)တိတိအား စော်ကဲချောင်းကျေးရွာအုပ်စု၊ တည်ချောင်းကျေရွာဓမ္မာရုံ၌ (၁၁-၇-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jul2019
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး