Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Christine Burgener ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် ၁၅ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Christine Burgener ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထူးကိုယ်စားလှယ်၏ ရခိုင်ပြည်နယ်ခရီးစဉ်မှ တွေ့ရှိချက်များနှင့် အမြင်များ၊ IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျုဟာ ရေးဆွဲနေမှု နောက်ဆုံး အခြအနေများနှင့် မကြာမီ အတည်ပြုပြီးနောက် ဒေသလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်သွားမည့် အခြေအနေများ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် … Read more
-
DAN Mobile Application ထည့်သွင်းပေးခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကန့်ဘ လူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ အား DAN Mobile Application ထည့်သွင်းပေးခြင်း၊ ကန့်ဘလူ မြို့နယ်ဈေးနှင့် ကျွန်းလှမြို့နယ်ဈေးတို့တွင် ရေဘေးလက်က မ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #sgg_jul2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉)နေ့နှင့် (၁၅-၇-၂၀၁၉)နေ့များတွင် ချင်း တွင်းမြစ်ရေတိုက်စားမှုကြောင့် ညောင်ဝန်းကျေးရွာမှ ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၈)ဦး အတွက် ထောက်ပံ့ငွေစုပေါင်း (၄၅၈,၈၀၀) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာအား (၁၅-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်ထွေအုပ်အစည်းဝေးခန်းမတွင် ဘေးသင့်ပြည်သူ များအားထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #sgg_jul2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအသိပညာဘေးပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ထားဝယ်ခရိုင်အတွင်း ရေဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသော တလိုင်းတောင်ကျေးရွာနှင့် ပကာရီကျေးရွာများသို့ သွားရောက်၍ ရေဘေး အသိပညာပေးပိုစတာများဖြန့်ဝေပေးခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား DAN Mobile Application အသုံးပြုပုံ/ နည်းများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်း၊ Application မျှဝေပေးခြင်း၊ စတစ်ကာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_fld #tny_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရဲကွင်းအုပ်စု၊ ရွှေဘိုတန်းနှင့် ဆက်တော ကျေးရွာ တို့၌ (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်တို့အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_jul2019
-
ကမ်းပြိုဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ရွှေဝါထွန်းရွာတွင် (၁၂-၇-၂၀၁၉)နေ့ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုရှိ လူဦးရေ(၃၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇၁၄၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၇၁၄၀ဝိ/-)ကျပ်အား (၁၅-၇-၂၀၁၉)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာ (၄၂) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး DAN Mobile Application အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဆားလင်းကြီး မြို့ပေါ်ရှိ တယ်လီဖုန်းဆိုင်များအား ဖုန်းများတွင် ထည့်သွင်းပေးနိုင်ရန် ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၅-၇-၂၀၁၉)ရက်နေ့ နံနက်(၁၂း၃၀)နာရီမှ(၁၄း၀၀)နာရီအထိ တာလေမြို့ ၊အခြေခံပညာမူလွန်ကျောင်း၊ ပါဟုတ်ကျေးရွာတွင် တက်ရောက်သူ ကျောင်းသား/သူ နှင့် ကျေးရွာသူ/သား (၁၁၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ၊ ဘေးရှစ်မျိုးဆောင်ရန်ရှောင်ရန်များ၊ သဘာဝဘေး Videoများ ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပညာပေး ဗွီနိုင်းများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
ချောင်းရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာအုပ်စု၊ လှေဝန်းကျေးရွာ၌ (၁၂-၇-၂၀၁၉) ရက်နေ့၊ (၁၉း၀၀)နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကျနေသော တံတားကူးရိုး ချောင်းအား ဖြတ်ကူးရာ ချောင်းရေမျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ ( ၃၀၀,၀၀၀/-) ကျပ်အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019
-
မိုးကြိုးထိမှန်သေဆုံးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ(၁၅)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နမော့ဝကျေးရွာအုပ်စု၊ တမော့ဝရွာမကျေးရွာတွင် မိုးကြိုးဘေးဖြစ်ပွားခဲ့ရာ ဦးဝင်းနိုင်(ဘ)ဦးတုတ်ကြီး၊ အသက်(၄၇)နှစ်သည် ဇူလိုင်လ(၁၂)ရက်နေ့ (၁၆း၃၀)နာရီတွင် လယ်ကွင်းထဲရှိနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-)ကျပ်ကို သေဆုံးသူ၏မိသားစုဝင်တစ်ဦးအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး









