လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာ (၄၂) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး DAN Mobile Application အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဆားလင်းကြီး မြို့ပေါ်ရှိ တယ်လီဖုန်းဆိုင်များအား ဖုန်းများတွင် ထည့်သွင်းပေးနိုင်ရန် ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_jul2019