လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ(၁၅)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နမော့ဝကျေးရွာအုပ်စု၊ တမော့ဝရွာမကျေးရွာတွင် မိုးကြိုးဘေးဖြစ်ပွားခဲ့ရာ ဦးဝင်းနိုင်(ဘ)ဦးတုတ်ကြီး၊ အသက်(၄၇)နှစ်သည် ဇူလိုင်လ(၁၂)ရက်နေ့ (၁၆း၃၀)နာရီတွင် လယ်ကွင်းထဲရှိနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-)ကျပ်ကို သေဆုံးသူ၏မိသားစုဝင်တစ်ဦးအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_jul2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး