Category Archives: News
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့ (၀၅:၀၀)အချိန်တွင် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွင် လေဘေးဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၇)လုံးမှ အိမ်ထောင်စု(၇)စု လူဦးရေ (၂၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၂၅၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၄၀၀၀/-)၊ စုစုပေါင်း (၁၄၆၅၀၀/-)အား (၃-၈-၂၀၁၉)ရက်နေ့ စနေနေ့ညနေတွင်သွားရောက် ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #mon_aug2019
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့ (၁၈:၃၀)အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ လေဘေးဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၅)လုံးမှ အိမ်ထောင်စု(၅)စု လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၅၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၈၆၅၀၀/-)အား (၃-၈-၂၀၁၉)ရက်နေ့ စနေနေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #mon_aug2019
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၈.၂၀၁၉)နေ့တွင် ပုလောမြို့နယ် ကျောက္ကာကျေးရွာအုပ်စု လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြိုလဲနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ သစ်ပင်ဖိဒဏ်ရာရလူနာ (၁)ဦး အတွက် ဆေးကုသစရိတ် (၅၀၀၀၀)ကျပ်၊ ယိုင်နဲ့အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေစုစုပေါင်း (၂၂)ဦး အတွက် ဆန်ဘိုး (၄၆၂၀၀)ကျပ် စုစုပေါင်းရန်ပုံငွေ (၂၉၆၂၀၀)ကျပ်အား (၃.၈.၂၀၁၉)ရက်နေ့ (၁၀း၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့ (၂၃း၄၅)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စု တောကြီးကုန်းကျေးရွာတွင် လုံးပတ် (၅)ပေခန့် အရှည် (၅၀)ပေခန့်ရှိ လက်ပံပင်မှာလူနေအိမ်ပေါ်သို့လဲကျရာမှ ထိုနေအိမ်အတွင်းရှိ လူဦးရေ (၃)ဦးမှာ သစ်ပင်ပိသေဆုံးပြီး ကျန် (၁)ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀၀၀၀/-)နှင့် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-) စုစုပေါင်း( ၉၅၀၀၀ဝိ/-) အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မိတ္ထီလာခရိုင်အတွင်း ရှေးဦးအရွယ်ကလေးပြုစုပျိုးထောင်ရေး၊ ဖွံဖြိုးရေးနှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာများညှိနှိုင်းဆွေးနွေး
သြဂုတ်၊ ၃ ၊ မိတ္ထီလာ မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်း များမှ တာဝန်ရှိသူများ၊ မိဘများ၊ ဌာနဆိုင်ရာများနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ အောင်မင်္ဂလာခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ ကလေးငယ်များ၏ မိဘများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ … Read more
-
MOU/LOU/LOA လက်မှတ်ရေးထိုးထားရှိသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ (၂-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် MOU/LOU/LOA လက်မှတ်ရေးထိုးထားရှိသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် NGO အဖွဲ့ဝင်များမှ မိမိတို့အဖွဲ့အစည်းအလိုက် လုပ်ဆောင် နေသည့် လုပ်ငန်းတာဝန်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး (၁၂း၃၀)နာရီအချိန်၌ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_aug2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေ ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့ ၊ မြေနီကုန်းရှိ Star Academy Hospitality and Business Management သင်တန်းကျောင်းတွင် သင်တန်းကျောင်းမှဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ စုစုပေါင်း(၇၅)ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ဆောင်ရွက်နေမှုအပိုင်းများအား အသိ ပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ar #ygn_aug2019
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြို မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ဘောင် ဘဲ့တန်းကျေးရွာအုပ်စု၊ ဘောင်ဘဲ့တန်းကျေးရွာ ကျေးရွာနေပြည်သူ အိမ်ထောင်စု(၃၂၀)အတွက် သောက်သုံးရေဂါလံ(၄၀၀၀) ကိုလည်း ကောင်း၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာ ကျေးရွာနေပြည်သူ အိမ်ထောင်စု(၂၀၈)စုအတွက် သောက်သုံးရေ ဂါလံ(၅၆၀၀)ကိုလည်းကောင်း၊ စုစုပေါင်း သောက်သုံးရေ ဂါလံ(၉၆၀၀)ကို Eleven Media Group ရေအလှူယာဉ်များဖြင့် ဆရာတော် ဦးသောဘဏ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_aug2019 … Read more
-
ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဟောင်သရောမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွေ့နေထိုင်ရသော အိမ်ထောင်စု(၂၃၆)စု လူဦးရေ(၁၁၃၇)ဦးတို့အတွက်ဆန်ရိက္ခာဖိုးငွေ(၂၃၈၇၇၀၀/-)အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #krn_aug2019
-
ရေးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး အနီးရှိအုန်းပင်ပိမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်မှ အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)နှင့် ဘေးသင့်လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)နှုန်းဖြင့် (၁၀၅၀၀/-) စုစုပေါင်း (၁၁၀၅၀၀/-)အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_sgw #mon_aug2019









