MOU/LOU/LOA လက်မှတ်ရေးထိုးထားရှိသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီးမှုသတင်း

4_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ (၂-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် MOU/LOU/LOA လက်မှတ်ရေးထိုးထားရှိသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် NGO အဖွဲ့ဝင်များမှ မိမိတို့အဖွဲ့အစည်းအလိုက် လုပ်ဆောင် နေသည့် လုပ်ငန်းတာဝန်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး (၁၂း၃၀)နာရီအချိန်၌ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ayy_aug2019

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events