လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့ (၂၃း၄၅)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စု တောကြီးကုန်းကျေးရွာတွင် လုံးပတ် (၅)ပေခန့် အရှည် (၅၀)ပေခန့်ရှိ လက်ပံပင်မှာလူနေအိမ်ပေါ်သို့လဲကျရာမှ ထိုနေအိမ်အတွင်းရှိ လူဦးရေ (၃)ဦးမှာ သစ်ပင်ပိသေဆုံးပြီး ကျန် (၁)ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀၀၀၀/-)နှင့် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-) စုစုပေါင်း( ၉၅၀၀၀ဝိ/-) အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~