Category Archives: News
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်၊ မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)စင်တီမီတာတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အကြံပြုထားပါသည်။
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက် ++++++++++++++++++++++++++++++++ ၁။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် ၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဥတိုကညင်ပင်ကျေးရွာအုပ်စု၊ ဥတိုမြန်မာစုကျေးရွာတွင် (၂-၈-၂၀၁၉)ရက်နေ့်၌ ဖြစ်ပွားခဲ့သောလေဘေးကြောင် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်နှင့် အမိုးလန်နေအိမ်(၃)လုံးမှ ဘေးသင့်ပြည်သူ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁,ဝ၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၁,၀၀ဝ/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့ နံနက်(၁၂:ဝဝ)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_sgw # bgo_aug 2019
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂) စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂) ရက်အတွင်း (၂) ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အကြံပြုချက် သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါတယ်။
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂) ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၂) ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ သို့ဖြစ်ပါ၍ … Read more
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်ထုတ်ပြန်ချက်
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ +++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၃) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂) ရက်အတွင်း (၁) ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ +++++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ သဲကုန်းလေး ကျေးရွာ၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံးမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်ကို (၅-၈-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) အချိန်တွင် အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 +++++++++++++++++++++++++ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၈-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) အချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားလေးကူးတို့ဆိပ်နှင့် မြို့မဈေးအတွင်း၌ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ (၉-၇-၂၀၁၉) ရက်နေ့ တွင် ကဆန်ချောင်းနှင့် ရနမ်ချောင်းရေကြီးရေလျှံမှုကြောင့် ရပ်ဘော့ကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာနှင့် ဘာပေါ့ကျေးရွာတို့ရှိ နေအိမ်များနှင့် စပါးကျီများ ရေနစ်မြုပ်ခြင်း၊ မျောပါပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၂၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၁) လစာအတွက် ဆန်အိတ် (၄၀)၊ (၇) ပြည်၊ (၅) ဘူးတို့ကို (၄-၈-၂၀၁၉) ရက်နေ့တွင် နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ … Read more
-
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအကြမ်း ဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(နေပြည်တော်) တို့ပူးပေါင်း၍ ကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူများ အား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ သုခစိုးဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များ၏ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ အားလုံး အသက်အရွယ်အလိုက်အခွင့်အရေးများကို လွတ်လပ်လုံခြုံစွာ သာတူညီမျှခံစားခွင့်ရရှိအောင် … Read more









