လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ (၉-၇-၂၀၁၉) ရက်နေ့ တွင် ကဆန်ချောင်းနှင့် ရနမ်ချောင်းရေကြီးရေလျှံမှုကြောင့် ရပ်ဘော့ကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာနှင့် ဘာပေါ့ကျေးရွာတို့ရှိ နေအိမ်များနှင့် စပါးကျီများ ရေနစ်မြုပ်ခြင်း၊ မျောပါပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၂၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၁) လစာအတွက် ဆန်အိတ် (၄၀)၊ (၇) ပြည်၊ (၅) ဘူးတို့ကို (၄-၈-၂၀၁၉) ရက်နေ့တွင် နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#kcn_aug2019
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ)