မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဥတိုကညင်ပင်ကျေးရွာအုပ်စု၊ ဥတိုမြန်မာစုကျေးရွာတွင် (၂-၈-၂၀၁၉)ရက်နေ့်၌ ဖြစ်ပွားခဲ့သောလေဘေးကြောင် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်နှင့် အမိုးလန်နေအိမ်(၃)လုံးမှ ဘေးသင့်ပြည်သူ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁,ဝ၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၁,၀၀ဝ/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့ နံနက်(၁၂:ဝဝ)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

# ha¬_sgw

# bgo_aug 2019

Sign Up

Upcoming Events