နေပြည်တော်ကောင်စီနယ်မြေအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအကြမ်း ဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေး

5_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(နေပြည်တော်) တို့ပူးပေါင်း၍ ကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူများ အား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ သုခစိုးဟိုတယ်၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များ၏ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ အားလုံး အသက်အရွယ်အလိုက်အခွင့်အရေးများကို  လွတ်လပ်လုံခြုံစွာ  သာတူညီမျှခံစားခွင့်ရရှိအောင် ဖေါ်ဆောင်ပေးလျက်ရှိကြောင်း၊ လွတ်လပ်လုံခြုံမှုရရှိအောင် တရားသောဥပဒေများရှိရန်နှင့် ဖေါ်ဆောင်ပေးရန် လိုကြောင်း၊ ပြဋ္ဌာန်းပြီးသော ဥပဒေများကို စိုးမိုးမှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အကောင် အထည်ဖေါ်ပေးရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတို့ဖြင့် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်သော အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေကို အပြည့်အဝအကောင်အထည် ဖေါ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရကြောင်း၊ အထူးသဖြင့်မိဘများ၊ မိသားစုဝင်များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို မိဘများက အဓိကဖေါ်ဆောင်ပေးရန်ဖြစ်ပြီး အခြေအနေ တစ်ရပ်ရပ်ကြောင့် မိရင်းဖရင်းပြုစုစောင့်ရှောက်မှုဆုံးရှုံးသွားပါက ဆွေးမျိုးသားချင်းများ (သို့မဟုတ်) အခြားသူ တစ်ဦးဦးက မိဘအရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်မှုရရှိရေးဆိုသည့် အခွင့်အရေး ကို ရရှိစေမည်ဖြစ်ကြောင်း၊ ပရဟိတဂေဟာ/ သင်တန်းကျောင်းများ၌ ပြုစုစောင့်ရှောက်ရန် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို ဂေဟာများတွင် လက်တွေ့ ဆောင်ရွက်နေကြသူများ ပါဝင်၍ပညာရှင်များနှင့်အတူ ရေးဆွဲချမှတ်ထားပါကြောင်း၊ နိုင်ငံတော်အတွင်း မွေးဖွားသည့်ကလေးသူငယ်များသည် မွေးဖွားခြင်း မှတ်ပုံတင်ခွင့်ရရှိသော်လည်း နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေနှင့်ညီမှသာ ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေအသစ်တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များ လည်းပါဝင်ပါကြောင်း၊ အမျိုးသမီးထုအားလုံး ဘေးကင်းလုံခြုံမှုရှိစေရန် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ကြောင်း၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်၌ လက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရန် အကောင်အထည်ဖေါ်ဆောင်ရွက်ရာ၌ တရားဥပဒေစိုးမိုးမှုရရှိအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်ရှိဝန်ထမ်းများနှင့်အတူ ပြည်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဌဒေါ်ကြည်ကြည်ညွှန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများအကြောင်းနှင့် မလိုချင်သောကိုယ်ဝန်ရခြင်းမှ အရေးပေါ်သားဆက်ခြားနည်းဖြင့် ကာကွယ်ခြင်းဆိုင်ရာပညာပေးဟောပြောခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒုရဲမှူးသူဇာလွင်က သက်ငယ်မုဒိမ်းနှင့် လူကုန်ကူးမှုကာကွယ်ရေးအကြောင်းဟောပြောခြင်း၊ နေပြည်တော် ကောင်စီနယ်မြေ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်နွေမိုးအေးက အမျိုးသမီးနှင့် မိန်းကလေး ငယ်များအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုတားဆီးရေးအကြောင်း ဟောပြောခြင်းနှင့် လူမှု ဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အကြမ်းဖက်ခြင်းဖြစ်ပေါ်လာပါက တုန့်ပြန်ဆောင်ရွက်ရန် အကြောင်းတို့ကို အသီးသီးဆွေးနွေးဟောပြောခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာရှိ ဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်ပြီး ပရဟိတဂေဟာ၌ ပြုစုစောင့်ရှောက်ရန် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို အသိပညာပေးဆွေးနွေးခြင်းနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးငယ်များ ခံစားရရှိရမည့် အကောင်းဆုံးအကျိုးစီးပွားနှင့် ပတ်သက်၍ အသိပညာပေးပြောကြားပြီး ကလေးငယ်များအား ကျောင်းသုံးစာအုပ်၊ အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_aug2019

သြဂုတ်၊ ၄၊ ပျဉ်းမနား

Sign Up

Upcoming Events