Category Archives: News
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒါးကညောင်ကုန်းကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်းကျေးရွာ၊ အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၊ ခတ္ထိယကျေးရွာအုပ်စု၊ဂွေးတောက်ကျေးရွာတို့၌ (၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၄,၆၀၀/-) ကျပ်တို့အား (၈-၈-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့၊နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀)နာရီအထိတာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုး အစားအလိုက် ဘေးကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းများကစားခြင်းဖြင့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၀၀)ဦးအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug 2019 Source;တာချီလိတ်မြို့နယ်ဦးစီမှုးရုံး (ဘစမ) … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း၌ ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိရာ (၈-၈-၂၀၁၉) နေ့အခြေအနေအရ ပဲခူးတိုင်းဒေသကြီးတွင် လူဉီးရေ (၁၄၀၀၀) ကျော်၊ ကရင်ပြည် နယ်တွင် လူဉီးရေ (၁၁၀၀၀) ကျော်၊ မွန်ပြည်နယ်တွင် လူဉီးရေ(၇၅၀၀)ကျော်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် လူဉီးရေ (၂၀၀) ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် လူဉီးရေ (၇၀၀)ခန့် စုစုပေါင်း လူဉီးရေ(၃၄၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အနေဖြင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့(၁၈း၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မုသာကျေးရွာအုပ်စု၊ ငါးနန္ဒာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်ကို (၈-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #sgg_aug 2019
-
လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု၊ ရေလှိုင်းတိုက်ခတ်မှုတို့ကြောင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ရွှေပြည်စိုးရပ်ကွက်တို့၌ ပြိုကျပျက်စီးအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ လူ(၁၅)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၈)မျိုး (၃)အိမ်ထောင်စာတို့ အားလည်းကောင်း၊ ရွာသာယာရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ လူ(၈)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာတို့အားလည်းကောင်း၊ ရွှေပြည်စိုးကျေးရွာမှ ပြိုကျပျက်စီးအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၈)မျိုး (၁)အိမ်ထောင်စာတို့ကို (၃-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး … Read more
-
လေဆင်နှာမောင်းတိုက်ခက်မှုကြောင့်ပြိုလဲနေအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီမှုးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့နှင့် (၇-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ရုံးကြီးရပ်ကွက်နှင့် ခမွန်ကံကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမာင်းတိုက်ခတ်မှုမှ ပြိုလဲနေအိမ်(၅)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်မှ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၄၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံးအပါ) (၅)အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ကဝမြို့နယ်ဦးစီမှုးရုံး (ဘစမ) #ha_stt #bgo_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီမှုးရုံးမှတာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိရတနာရပ်ကွက်၊ ဓမ္မာရုံတွင် ပြည်သူလူထု (၁၀၀) ဦးအား (၇-၈-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မိုးကြိုးဘေးဗီနိုင်း ပိုစတာပေးအပ်ခဲ့ပါသည်။တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များလည်းဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ပြည်ခရိုင်ဦးစီမှုးရုံး (ဘစမ) #ar #bgo_aug 2019
-
လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု၊ ရွာရှည်(မ)ကျေးရွားနှင် ကျွန်းလည်ကျေးရွာအုပ်စု၊ ကျွန်းလည်ကျေးရွာတို့၌ (၅-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်ဘေးသင့်ခဲ့သော အိမ်ထောင်စု(၃) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံငွေစုစုပေါင်းကျပ်(၁၅၅၀၀၀/-)ကျပ်ကို (၇-၈-၂၀၁၉)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် တန့်ဆည်မြု့ိနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #sgg_aug 2019
-
မီးဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ လယ်တီရပ်ကွက် နယ်မြေ(၂ ) သပြေပင်တောရလမ်းမှ (၆-၈-၂၀၁၉)ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀၅၀၀/-) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး( ၁)အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဘေးနှင့် ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျေးရွာ (၁၁) ရွာတွင်(၃-၈-၂၀၁၉)ရက်နေ့မှ (၆-၈-၂၀၁၉)ရက်နေ့အထိ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၉)လုံးနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေပြောင်းနေအိမ်(၂)လုံး၊ စုစုပေါင်းလူဦးရေ(၅၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၃၆ဝဝဝ/-)၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၁၁၃၀၀/-)၊ ပြိုကျနေအိမ်(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၄)အိမ်ထောင်စာ(၁၄၉၄၁၂/-)၊ ဒဏ်ရာရှိသူ(၁)ဦးအတွက် ထောက်ပံ့ ငွေ(၅ဝဝဝဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၉၉၇၃၀၀/-)ကို (၇-၈-၂၀၁၉)ရက်နေ့ (၁၅းဝဝ)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more









