တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

 

21 19 20 15 17 16 14 13 11 12 10 9 7 6 8 2 3 5 4 1          ၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း၌ ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိရာ (၈-၈-၂၀၁၉) နေ့အခြေအနေအရ ပဲခူးတိုင်းဒေသကြီးတွင် လူဉီးရေ (၁၄၀၀၀) ကျော်၊ ကရင်ပြည် နယ်တွင် လူဉီးရေ (၁၁၀၀၀) ကျော်၊ မွန်ပြည်နယ်တွင် လူဉီးရေ(၇၅၀၀)ကျော်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် လူဉီးရေ (၂၀၀) ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် လူဉီးရေ (၇၀၀)ခန့် စုစုပေါင်း လူဉီးရေ(၃၄၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အနေဖြင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ (၈-၈-၂၀၁၉) နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေနှင့် တာဝန်ရှိသူများ သည် ဘားအံမြို့ရှိ ရေဘေးရှောင်စခန်းများသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားပြီးရေဘေးသင့်ပြည်သူ(၆၃၇၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၃၃) သိန်းကျော်ကို ထောက်ပံ့ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် လှိုင်းဘွဲ့မြို့နယ်မှ ဌာနဆိုင်ရာများနှင့်အတူ လှိုင်းဘွဲ့မြို့နယ်ရှ ိရေဘေးသင့်ပြည်သူ(၆၄၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ(၁၉) သိန်းကျော် ထောက်ပံ့ခဲ့ပါသည်။ အလားတူကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနရုံးများမှ တာဝန်ရှိသူများက ထောက်ပံ့ကူညီမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေများအပါအဝင် ကျပ်သိန်းပေါင်း (၂၉၀၈) သိန်းကျော် ထောက်ပံ့ ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်များအား အလေးထားဂရုပြုလိုက်နာရန်နှင့် အကူညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန (ရုံးချုပ်) Hot Lineနံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Source: Relief Section

#ha_fld
#npw_aug2019

 

Sign Up

Upcoming Events