လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျေးရွာ (၁၁) ရွာတွင်(၃-၈-၂၀၁၉)ရက်နေ့မှ (၆-၈-၂၀၁၉)ရက်နေ့အထိ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၉)လုံးနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေပြောင်းနေအိမ်(၂)လုံး၊ စုစုပေါင်းလူဦးရေ(၅၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၃၆ဝဝဝ/-)၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၁၁၃၀၀/-)၊ ပြိုကျနေအိမ်(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၄)အိမ်ထောင်စာ(၁၄၉၄၁၂/-)၊ ဒဏ်ရာရှိသူ(၁)ဦးအတွက် ထောက်ပံ့ ငွေ(၅ဝဝဝဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၉၉၇၃၀၀/-)ကို (၇-၈-၂၀၁၉)ရက်နေ့ (၁၅းဝဝ)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ha_sgw
#ayy_aug 2019