Category Archives: News
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၁.၈. ၂၀၁၉)ရက်နေ့ ( ၁၁:၀၀)နာရီအချိန်မှ(၀၁:၃၀)နာရီ အချိန်အထိသံတွဲခရိုင်၊ သံတွဲမြို့၊ အမှတ်(၈)ရပ်ကွက်၊အ.မ.က(လွန်)ဒွါရာဝတီကျောင်းတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသူ/သားများ( ၁၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ #ar #rke_aug2019 Source- သံတွဲခရိုင်ဦးစီးမှူးရုံး
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၀.၈.၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု၊ ပြင်းငယ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော မြေပြိုဘေးမှ ပြိုကျပျက်စီးခဲ့သော တိုက်အိမ်(၂)လုံး၊ သွပ်မိုးပျဉ်ထောင်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝိ/-)ကျပ်၊ ဓနိမိုးပျဉ်ခင်းအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး (၆)စုစာ၊ ဘုန်းတော်ကြီးကျောင်းသို့ပြောင်းရွှေ့နေထိုင်သူ လူဦးရေစုစုပေါင်း(၁၂၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၅၈၃၀၀ိ/-)ကျပ် တို့အား (၁၁.၈.၂၀၁၉)နေ့တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_aug2019 Source- မြိတ်ခရိုင်ဦးစီးမှူးရုံး
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ(၂)၊ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော မွန်ပြည်နယ်ခရီးစဉ်၌ မွန်ပြည်နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာမှ (၉.၈.၂၀၁၉)ရက်နေ့ မလတ်တောင်ပြိုကျခဲ့မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်(၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄,၈၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၆၉)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၃၅၄,၉၀၀ိ/-)၊ စုစုပေါင်း(၅,၁၅၄,၉၀၀ိ/-)အားလည်းကောင်း၊ တောင်ပြိုကျမှုကြောင့်သေဆုံးခဲ့သူ(၂၉)ဦးအတွက် (၁)ဦးလျှင်(၅၀၀,၀၀၀ိ/-)နှုန်းဖြင့်(၁၄,၅၀၀,၀၀၀ိ/-)၊ ဒဏ်ရာရရှိခဲ့သူ(၄၇)ဦးတို့အတွက် (၁)ဦးလျှင် (၁၅၀,၀၀၀ိ/-)နှုန်းဖြင့်(၇,၀၅၀,၀၀၀ိ/-)အားလည်းကောင်း(၁၀.၈.၂၀၁၉)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် မုတ္တမကျေးရွာအုပ်စုမှ ရေဘေးသင့်လူဦးရေ(၆၂၆)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၁,၃၁၄,၆၀၀ိ/-)၊ ခေါက်ဆွဲခြောက်(၃၀)ထုပ်ပါ (၄)ဖာ၊ ငါးသေတ္တာ(၁၀၀)ဗူးပါ(၃)ဖာ၊ ရေသန့်(၁)လီတာ (၆)ဗူးပါ(၁၀၀)ကတ်တို့အားလည်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျးရွာလအုပ်စု၊ ဈေးပိုင်းရပ်ကွက်ရှိ ရပ်ရွာပြည်သူ(၈၀)ဦးအေား ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; ကယားပြည်နယ်ဦးစီမှုးရုံး (ဘစမ) #ar #kyh_aug 2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ *********************************************************** ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ *************************************************** ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)တို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကျရောက်လာပါကထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်နှင့် ရှာဖွေက်ဆယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းရပ်များကို အဆင့်ဆင့်သောစီမံခန့်ခွဲမှုအဖွဲ့များနှင့်ပြည်သူများပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပြည်သူ(၅၀၀)ဦးခန့်ဖြင့်ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး၊ ဘေး(၈)မျိုလက်ကမ်းစာစောင်များဝေငှပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီမှူးရုံး (ဘစမ) #simex #ayy_aug 2019
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းပြီး၊ ရေကြီးရေလျှံမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း (၃) ခုသို့ ပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ (၁၃၃) လုံး၊ အိမ်ထောင်စု(၁၃၃)စုမှ လူဦးရေ (၆၂၆ ) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၁,၃၁၄,၆၀၀/-) ကျပ်တို့ အား (၁၀-၈-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_jul2019
-
သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြပြီး နေ့လည်(၁၃း၀၀)ချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source; ကျိုင်းတုံခရိုင်ဦးစီမှုးရုံး (ဘစမ) #ar #shn_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေကျဆင်းမှုကြောင့် မြိတ်မြို့နယ်၊ ပပြင်ကျေးရွာမှ ရေမျောပါအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)နှင့် လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်ကိုလည်းကောင်း၊ အလယ်ကျွန်းကျေးရွာမှ ရေမျောပါအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့ကို (၁၀-၈-၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #tny_aug 2019









