လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြပြီး နေ့လည်(၁၃း၀၀)ချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source; ကျိုင်းတုံခရိုင်ဦးစီမှုးရုံး (ဘစမ)
#ar
#shn_aug 2019