ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

 

 

12_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်  ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ(၂)၊ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော မွန်ပြည်နယ်ခရီးစဉ်၌ မွန်ပြည်နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာမှ (၉.၈.၂၀၁၉)ရက်နေ့ မလတ်တောင်ပြိုကျခဲ့မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်(၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄,၈၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၆၉)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၃၅၄,၉၀၀ိ/-)၊ စုစုပေါင်း(၅,၁၅၄,၉၀၀ိ/-)အားလည်းကောင်း၊ တောင်ပြိုကျမှုကြောင့်သေဆုံးခဲ့သူ(၂၉)ဦးအတွက် (၁)ဦးလျှင်(၅၀၀,၀၀၀ိ/-)နှုန်းဖြင့်(၁၄,၅၀၀,၀၀၀ိ/-)၊ ဒဏ်ရာရရှိခဲ့သူ(၄၇)ဦးတို့အတွက် (၁)ဦးလျှင် (၁၅၀,၀၀၀ိ/-)နှုန်းဖြင့်(၇,၀၅၀,၀၀၀ိ/-)အားလည်းကောင်း(၁၀.၈.၂၀၁၉)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် မုတ္တမကျေးရွာအုပ်စုမှ ရေဘေးသင့်လူဦးရေ(၆၂၆)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၁,၃၁၄,၆၀၀ိ/-)၊ ခေါက်ဆွဲခြောက်(၃၀)ထုပ်ပါ (၄)ဖာ၊ ငါးသေတ္တာ(၁၀၀)ဗူးပါ(၃)ဖာ၊ ရေသန့်(၁)လီတာ (၆)ဗူးပါ(၁၀၀)ကတ်တို့အားလည်း မုတ္တမကျေးရွာအုပ်စု၊ မိုးကုတ်ကျောင်းတိုက်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#mon_aug2019

Source-        သထုံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events