ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

11_Pic_01 11_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)တို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကျရောက်လာပါကထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်နှင့် ရှာဖွေက်ဆယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းရပ်များကို အဆင့်ဆင့်သောစီမံခန့်ခွဲမှုအဖွဲ့များနှင့်ပြည်သူများပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပြည်သူ(၅၀၀)ဦးခန့်ဖြင့်ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး၊ ဘေး(၈)မျိုလက်ကမ်းစာစောင်များဝေငှပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီမှူးရုံး (ဘစမ)

#simex

#ayy_aug 2019

Sign Up

Upcoming Events