Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉)ရက်နေ့(၁၁၀၀)နာရီမှ (၁၂၀၀)နာရီအထိ ကနီမြို့နယ်၊ ဝယာကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား/သူ (၁၅၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် သဘာဝဘေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များ၊ လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉) ရက်နေ့တွင် လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းရှိ သင်တန်းသူ(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_aug 2019
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ Mountain Star Hotel ၌ (၁၅-၈-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ရေးဆွဲရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ UNOCHA နှင့် အခြားလူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ စုစုပေါင်း (၂၇) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #shn_aug2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉)ရက်နေ့က မင်းတပ်မြို့ရှိ အ.ထ.က(၃)မှ ပညာသင်ကြားနေသော ကျောင်းသား/သူ အင်အား (၁၀၀)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ နောင်သကြားကျေးရွာ၌ (၁၁-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးအိမ်ထောင်စု(၁)စုစာ၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်တို့ကို (၁၅-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သီပေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fir #shn_aug2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ(၄၀၀)ကားဝန်းအနီးတွင် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug 2019
-
နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉) ရက်နေ့၊ (၁၀၀၀) အချိန်မှ (၁၁၀၀) အချိန်အထိ ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာအုပ်စု၊ အ.မ.က နှမ်းတောစာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာသူ/ကျေးရွာသားများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝ ဘေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ (၈၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝ ဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကြီးကုန်းကျးရွာအုပ်စု၊ အင်ကြီးကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသေား၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲထုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_aug 2019
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက်ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်း၌ (၁၁-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ ဘုန်းတော်ကြီး (၂၃) ပါးအတွက် ဆွမ်းဆန်ဖိုးထောက်ပံ့ငွေ(၄၈,၃၀၀/-)ကျပ်၊ ဒွိစုံသင်္ကန်း (၂၃) စုံအတွက်ထောက်ပံ့လှူဒါန်းငွေ (၂၆၀,၀၀၀/-) ကျပ်တို့ကို (၁၄-၈-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) အချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာရေးဦးစီးမှူး၊ မြို့မိ/မြို့ဖများနှင့်အတူ သံဃာတော်များအား ထောက်ပံ့ဆည်းကပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_aug2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွဲချောင်းအတွင်းမျောပါသွားသည့် သေဆုံးသူအတွက် ကျန်ရစ်သူမိသားစု များအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်စစ်ကန်ကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွဲချောင်းအတွင်းရေစီးနှင့်မျောပါသွားသူအား (၁၃-၈-၂၀၁၉) ရက်နေ့တွင် သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ (၁၄-၈-၂၀၁၉) ရက်နေ့တွင် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_aug2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)









