မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွဲချောင်းအတွင်းမျောပါသွားသည့် သေဆုံးသူအတွက် ကျန်ရစ်သူမိသားစု များအားထောက်ပံ့မှုသတင်း

16 _ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်စစ်ကန်ကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွဲချောင်းအတွင်းရေစီးနှင့်မျောပါသွားသူအား (၁၃-၈-၂၀၁၉) ရက်နေ့တွင် သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ (၁၄-၈-၂၀၁၉) ရက်နေ့တွင် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mdy_aug2019

Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events