လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်း၌ (၁၁-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ ဘုန်းတော်ကြီး (၂၃) ပါးအတွက် ဆွမ်းဆန်ဖိုးထောက်ပံ့ငွေ(၄၈,၃၀၀/-)ကျပ်၊ ဒွိစုံသင်္ကန်း (၂၃) စုံအတွက်ထောက်ပံ့လှူဒါန်းငွေ (၂၆၀,၀၀၀/-) ကျပ်တို့ကို (၁၄-၈-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) အချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာရေးဦးစီးမှူး၊ မြို့မိ/မြို့ဖများနှင့်အတူ သံဃာတော်များအား ထောက်ပံ့ဆည်းကပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_aug2019
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)