လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ Mountain Star Hotel ၌ (၁၅-၈-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် ရေးဆွဲရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ UNOCHA နှင့် အခြားလူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ စုစုပေါင်း (၂၇) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#otr
#shn_aug2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)