Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်သင်တန်း(၂/၂၀၁၉)ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့တွင် အင်းစိန်မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့နှင့်ပူးပေါင်း၍ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာနတွင် မြန်မာနိုင်ငံကြက်ခြေနီအင်း၊ အရံမီးသတ်၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်သင်တန်း အမှတ်စဉ်(၂/၂၀၁၉) အားဖွင့်လှစ်ခဲ့ရာ မြို့နယ်သဘာဝဘေးကော်မတီဝင်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ လူဦးရေ (၆၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော တောင်ကျချောင်းရေတိုက်စားမှုကြောင် တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ လမိုင်းကျေးရွာတွင် ရွှေ့ပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၁၉-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော တောင်ကျချောင်းရေတိုက်စားမှုကြောင် တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအုပ်စု၊ လိပ်တိုက်ကျေးရွာတွင် ပြိုကျအိမ်ခြေ(၁)လုံးနှင့်ရွှေ့ပြောင်းအိမ်ခြေ(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ ရွှေစည်းခုံစေတီ ရင်ပြင်တော်ပေါ်၌ ရွှေစည်းခုံ၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ မဟာငှက်ပစ်တောင်နှင့် စူဠာမဏိစေတီတော်တို့မှ ဂေါပကအဖွဲ့ဝင်များ၊ ဘုရားဝေယျာဝိစ္စဆောင်ရွက်သူများ စုစုပေါင်း အင်အား (၂၀၀) ဦးခန့်ကို ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် ငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mdy_jul2019
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၉) ရက်နေ့ (၀၈:၀၀)ချိန်ခန့်၌ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရပ်ကွက်(၁၀)တွင် မိုးသည်းထန်စွာ ရွာသွန်:မှုကြောင့် ကလေးငယ်၁ဦးရေမျှောပါသေဆုံးခဲ့ရာ အဆိုပါ သေဆုံးသူအတွက် နာရေး ထောက်ပံ့ရန်ပုံငွေ (၃၀၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #shn_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာသို့ သွားရောက်၍ ပြည်သူ လူထု (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug 2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ********************************************** ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် *************** သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ (အ.ထ.က)ကျောင်း၌ ကျောင်းသူ/သားအင်အား(၂၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ အ.ထ.က ခွဲ(၂)ကျောင်းတွင် ကျောင်းသူ၊ကျောင်းသား အင်အား(၈၀)ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ပန်းဦးတောင်ကျေးရွာတွင် ကျောင်းသား/ကျောင်းသူအင်အား(၁၈၀)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_aug 2019









