လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ ရွှေစည်းခုံစေတီ ရင်ပြင်တော်ပေါ်၌ ရွှေစည်းခုံ၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ မဟာငှက်ပစ်တောင်နှင့် စူဠာမဏိစေတီတော်တို့မှ ဂေါပကအဖွဲ့ဝင်များ၊ ဘုရားဝေယျာဝိစ္စဆောင်ရွက်သူများ စုစုပေါင်း အင်အား (၂၀၀) ဦးခန့်ကို ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် ငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#mdy_jul2019