လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော တောင်ကျချောင်းရေတိုက်စားမှုကြောင် တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ လမိုင်းကျေးရွာတွင် ရွှေ့ပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၁၉-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော တောင်ကျချောင်းရေတိုက်စားမှုကြောင် တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအုပ်စု၊ လိပ်တိုက်ကျေးရွာတွင် ပြိုကျအိမ်ခြေ(၁)လုံးနှင့်ရွှေ့ပြောင်းအိမ်ခြေ(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၂၃၁၀၀/-) ကျပ်တို့နှင့် (၁၈-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင် တောင်တွင်းကြီးမြို့နယ်၊ ဂုံညင်းတန်းကျးရွာအုပ်စု၊ ခြေဆေးအိုင်ကျးရွာတွင် မီးလောင်မှုကြောင့်ပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်တို့ကို (၁၉-၈-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Sourceး တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ha_fir
#mgy_aug 2019