လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့တွင် အင်းစိန်မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့နှင့်ပူးပေါင်း၍ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာနတွင် မြန်မာနိုင်ငံကြက်ခြေနီအင်း၊ အရံမီးသတ်၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်သင်တန်း အမှတ်စဉ်(၂/၂၀၁၉) အားဖွင့်လှစ်ခဲ့ရာ မြို့နယ်သဘာဝဘေးကော်မတီဝင်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ လူဦးရေ (၆၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#ygn_aug2019