Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားသော လေပြင်းတိုက်ခက်မှုကြောင့် လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု၊ နဘဲကွင်းကျေးရွာမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀ဝိ|-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးနှင့် ပြိုလဲနေအိမ်(၁)လုံးမှ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀ိ/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀ိ/)ကျပ်တိတိအား (၂၂-၈-၂၀၁၉)ရက်နေ့ (၁၁း၄၅)နာရီအချိန်တွင် လက်ပံတန်းမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လူမှုရေးဝန်ကြီးနှင့်အတူ (၂၁-၈-၂၀၁၉)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ ရေကြီးနစ်မြုပ်သော ရေဘေးသင့်အိမ်ထောင်စု(၆၀၀)စု၊ လူဦးရေ(၃၂၆၀)ဦးအတွက်အိမ်ထောင်စု(၁)စုလျှင် ငါးသေတ္တာ(၁)ဗူး(၆၀၀/-)နှုန်းဖြင့်(၄)ဗူး၊ ခေါက်ဆွဲခြောက်(၁)ထုပ်(၂၅၀/-)နှုန်းဖြင့်(၆)ထုပ်၊ ဆီ(၁)လီတာဗူး(၁၆၀၀/-)နှုန်းဖြင့် (၁)ဗူး၊ စုစုပေါင်းပစ္စည်းဖိုးငွေ (၃၃၀၀၀၀၀/-)တို့အားရေဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #krn_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ မံပင်ကျေးရွာ၌ (၂၂-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာ စုစုပေါင်းလူဦးရေ(၇၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_aug 2019 Sourceး ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာအုပ်စု၊ မြင်သာကျေးရွာတွင် ရေငံရိုးချောင်းရေမြင့်တက်မှု ကြောင့် ချောင်းရေမျောပါသေဆုံးသူ(၁)ဦး၏ မိသားစုဝင်များထံသို့ သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် နတ်မောက်မြို့နယ်၊ ချောင်းနက်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာတွင် (၁၁-၈-၂၀၁၉)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ ဒဏ်ရာရသူ(၁)ဦးအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀ိ/-)ကျပ်တို့အား သေဆုံးသူနှင့်ဒဏ်ရာရသူ၏မိသားစုများထံသို့ (၂၂-၈-၂၀၁၉)ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြူဝက်ကျးရွာအုပ်စု၊ ကြူဝက်ကျးရွာနှင့် ကြို့ပင်ဝိုင်းအုပ်စု ၊ ရွှေကူကျေးရွာတို့၌ (၁၅-၈-၂၀၁၉)ရက်နေ့တွင် လေးပြင်တိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀/-)ကျပ်အား (၂၂-၈-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၂.၈.၂၀၁၉ရက်နေ့ နံနက်ပိုင်းတွင် လဲချားမြို့နယ် အ.ထ.က လဲချား၌ကျောင်းသား/သူ (၄၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်းနှင့်သရုပ်ပြသခြင်းများအားပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဉီးစီးမှူးရုံး (ဘစမ) #ar #shn_aug2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉)ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/-)ကျပ်အား (၂၂-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီးလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉)ရက်နေ့တွင် ဆိပ်ကြီခနောင်တိုမြို့နယ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းလူဦးရေ (၆၀)ဦးကျော်တို့ကို မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ဖွဲ့စည်းမှုများ၌ ဥပဒေ၊ နည်းဥပဒေပါ အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သောအသိပညာပေးခြင်းနှင့် ဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #npw_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)အချိန်မှ (၁၂း၀၀)အချိန်အထိ လယ်ဝေးမြို့နယ်၊ အ.ထ.က (ခွဲ)ရေကာစာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၈၀)ဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနံရံကပ်ပိုစတာများနှင့်မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၈.၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ အ.ထ.က(ခွဲ)ကျောင်းရှိ ကျောင်းခန်းမဆောင်၌ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပေးခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_aug2019









