လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၈.၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ အ.ထ.က(ခွဲ)ကျောင်းရှိ ကျောင်းခန်းမဆောင်၌ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပေးခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_aug2019