လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားသော လေပြင်းတိုက်ခက်မှုကြောင့် လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု၊ နဘဲကွင်းကျေးရွာမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀ဝိ|-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးနှင့် ပြိုလဲနေအိမ်(၁)လုံးမှ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀ိ/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀ိ/)ကျပ်တိတိအား (၂၂-၈-၂၀၁၉)ရက်နေ့ (၁၁း၄၅)နာရီအချိန်တွင် လက်ပံတန်းမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)