ထောက်ပံ့ငွေများပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာအုပ်စု၊  မြင်သာကျေးရွာတွင် ရေငံရိုးချောင်းရေမြင့်တက်မှု ကြောင့် ချောင်းရေမျောပါသေဆုံးသူ(၁)ဦး၏ မိသားစုဝင်များထံသို့ သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် နတ်မောက်မြို့နယ်၊ ချောင်းနက်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာတွင် (၁၁-၈-၂၀၁၉)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ ဒဏ်ရာရသူ(၁)ဦးအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀ိ/-)ကျပ်တို့အား သေဆုံးသူနှင့်ဒဏ်ရာရသူ၏မိသားစုများထံသို့ (၂၂-၈-၂၀၁၉)ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fld

#ha_tls

#mgy_aug 2019

Sign Up

Upcoming Events