Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေ နံနက်ပိုင်းတွင် လဲချားမြို့နယ် (အ.လ.က.(၁))တွင် ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူ များကို လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဖြေဆိုသူများ လိုက်နာရမည့်အချက်များ
ဖြေဆိုသူများ လိုက်နာရမည့်အချက်များ (၂၅-၈-၂၀၁၉)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဖြေဆိုသူများ လိုက်နာရမည့်အချက်များ
ဖြေဆိုသူများ လိုက်နာရမည့်အချက်များ
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့ခရိုင်၊လေးမျက်နှာမြို့မယ်၊ ခတ္ထူအုပ်စု၊ ခတ္ထူကျေး ရွာ၌ (၂၂-၈-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေး ဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အုပ်စု(၂) စု (အိပ်ပျက်၊စစ်ကုန်း)၊ကျေးရွာခွဲ (၃) ရွာတို့၌ (၁၅-၈-၂၀၁၉) ရက်နေ့မှ(၂၁-၈-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ခြေ (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာဖိုးငွေ ( ၁၈၉,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၈၈၉,၀၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ဟသာၤတမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ၌ (၂၁- ၈-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ မီးဘေးသင့်လူဦးရေ (၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်နှင့် ထိခိုက်ဒဏ်ရာရလူနာ(၁)ဦးအတွက်(၅၀၀၀၀/-)စုစုပေါင်းထောက်ပံ့ငွေ(၁၆၂၆၀၀/-)ကျပ်အား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ (၂၃-၈-၂၀၁၉)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၀၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာ သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_aug2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းကျေးရွာတွင်(၂၁-၈-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီး(သွပ်မိုး၊ပျဉ်ခင်း) (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)၊ JICA စောင်(၁)ထည် ASK kit (၁)စုံတို့ကို (၂၃-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၂း၅၀)နာရီအချိန်တွင် ဘိုကလေးအထွေထွေအုပ်ချုပ်ရေးဦးဌာနမှတာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေ (၁ဝး၀၀)နာရီမှ (၁၂းဝဝ)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ၊ ဘုန်းကြီးကျောင်း(ဓမ္မာရုံ)၌ ပြည်သူလူထုအင်အားစုစုပေါင်း(၁၀၀)ဦးခန့်ကို ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_aug 2019 Source း သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေနံနက် (၀၉း၃၀)နာရီ မှ(၁၁း၃၀)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ အမှတ် (၂၂၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁ဝ)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အခြားသဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်များ၊ ဘေးမဖြစ်မီ ကြိုတင် ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားနေစဉ် လိုက်နာသင့်သည့် ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ … Read more









