လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အုပ်စု(၂) စု (အိပ်ပျက်၊စစ်ကုန်း)၊ကျေးရွာခွဲ (၃) ရွာတို့၌ (၁၅-၈-၂၀၁၉) ရက်နေ့မှ(၂၁-၈-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ခြေ (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာဖိုးငွေ ( ၁၈၉,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၈၈၉,၀၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ဟသာၤတမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးဖြစ်ပွားရာကျေးရွာ အုပ်စုသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_aug2019