မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ၌ (၂၁- ၈-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ မီးဘေးသင့်လူဦးရေ (၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်နှင့် ထိခိုက်ဒဏ်ရာရလူနာ(၁)ဦးအတွက်(၅၀၀၀၀/-)စုစုပေါင်းထောက်ပံ့ငွေ(၁၆၂၆၀၀/-)ကျပ်အား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ (၂၃-၈-၂၀၁၉)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source း မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#ayy_aug 2019

 

Sign Up

Upcoming Events