လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့ခရိုင်၊လေးမျက်နှာမြို့မယ်၊ ခတ္ထူအုပ်စု၊ ခတ္ထူကျေး ရွာ၌ (၂၂-၈-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေး ဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_aug2019