Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု(၃)စု(လိပ်ချောင်း၊တောင်လုံးစု၊ကျုံတုံး)၊ ကျေးရွာခွဲ(၃)ရွာတွင် (၂၇-၈-၂၀၁၉)ရက်နေ့ လေဘေးကြောင့် ပြိုကျအိမ်ခြေဝါး (၁)လုံး၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ ဝါး(၃)၊ သစ်(၃)လုံး၊ အိမ်ထောင်စု(၇)စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၃၄၀၀၀၀/-) ဘေးသင့်လူဦးရေ(၄၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၉၆၆၀၀/-) ကျပ်စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၃၆၆၀၀/-)ကို(၂၈-၈-၂၀၁၉)ရက်နေ့တွင် လေဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ လေဘေးသင့် ပြည်သူများလက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_aug 2019
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ခန်သာကျေးရွာ၌ (၂၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ပင်ပိ၍ ဘေးသင့်သေဆုံးသူ(၁)ဦး၊ ဒဏ်ရာရသူ(၅)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၅၅၀,၀၀၀/-) ကျပ်ကို (၂၈-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်သူပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဆပ်ပြာကျေးရွာအုပ်စု၊ ဆပ်ပြာကျေးရွာ ၏တောင်ဘက်(၅)မိုင်ခန့်အကွာ ကျောက်မီးသွေးတွင်း၌ (၂၅-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျမှုကြောင့် သေဆုံးလူဦးရေ(၄)ဦးအတွက် သေဆုံးထောက်ပံငွေ (၁,၂၀၀,၀၀၀/-) ကျပ်ကို (၂၈-၈-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ သက်ဆိုင်ရာမိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု ၊ သောင်ဘုတ်ကျေးရွာတွင်(၂၅-၈-၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦး၊ ယင်း ဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာတွင်(၂၇-၈-၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၇)ဦးနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ ကပေါင်းကွင်းကျေးရွာတွင်(၂၇- ၈- ၂၀၁၉)နေ့ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄)ဦးတို့အတွက် စုစုပေါင်းဘေးသင့်အိမ်ခြေများအတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၇၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၆၀၇၇၀၀/-)ကျပ်ကို (၂၈- ၈- ၂၀၁၉) ရက်နေ့တွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉)ရက်နေ့၊ (၀၈း၃၀)နာရီအချိန်တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၆)ဦး ဖြင့် (၂၈-၈-၂၀၁၉)ရက်နေ့မှ (၃၀-၈-၂၀၁၉)ရက်နေ့အထိ သင်တန်းကာလ(၃)ရက်တာဖြစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းကိုဖွင့်လှစ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #kyh_aug 2019 Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊အထက်ပိုးလောင်းကျေးရွာ၌ (၁၉-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၂၈-၈-၂၀၁၉)ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ဇေယာသီရိရပ်ကွက်ရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအသိပညာပေးဟောပြောခဲ့ရာ စုစုပေါင်း လူဦးရေ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ မံခွန်ကျေးရွာ၌ (၂၈-၈-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် လူဦးရေ(၆၀)ဦးခန်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_aug 2019
-
နတ်မောက်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉)ရက်နေ့၊(၁၁း၀၀)နာရီအချိန်တွင် နတ်မောက်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်မူလတန်းကြိုကျောင်းတွင် နတ်မောက်မြို့နယ်ဦးစီးမှူးရုံးကို တိုင်းဒေသကြီး ဦးစီးမှူးမှ အမွှေးနံ့သာများပက်ဖျန်း၍ မြို့နယ်ရုံးကိုဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #mgy_aug 2019
-
School Cum Shelter တည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ကက္ကူလေးကျေးရွာ၌ ဆောက်လုပ်လျက်ရှိသော School Cum Shelter (၅၀%) ပြီးစီးမှုအား မြို့နယ်ပညာရေးမှူး၊ မြို့နယ်စစ်ဆေးရေးအဖွဲ့များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_aug2019 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









