လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု(၃)စု(လိပ်ချောင်း၊တောင်လုံးစု၊ကျုံတုံး)၊ ကျေးရွာခွဲ(၃)ရွာတွင် (၂၇-၈-၂၀၁၉)ရက်နေ့ လေဘေးကြောင့် ပြိုကျအိမ်ခြေဝါး (၁)လုံး၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ ဝါး(၃)၊ သစ်(၃)လုံး၊ အိမ်ထောင်စု(၇)စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၃၄၀၀၀၀/-) ဘေးသင့်လူဦးရေ(၄၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၉၆၆၀၀/-) ကျပ်စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၃၆၆၀၀/-)ကို(၂၈-၈-၂၀၁၉)ရက်နေ့တွင် လေဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ လေဘေးသင့် ပြည်သူများလက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

 

Sign Up

Upcoming Events