လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု ၊ သောင်ဘုတ်ကျေးရွာတွင်(၂၅-၈-၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦး၊ ယင်း ဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာတွင်(၂၇-၈-၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၇)ဦးနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ ကပေါင်းကွင်းကျေးရွာတွင်(၂၇- ၈- ၂၀၁၉)နေ့ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄)ဦးတို့အတွက် စုစုပေါင်းဘေးသင့်အိမ်ခြေများအတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၇၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၆၀၇၇၀၀/-)ကျပ်ကို (၂၈- ၈- ၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ha_sgw
#ayy_aug 2019